victoria hospital myanmar


🔥 အဝလွန်ခြင်းဆိုတာက ခန္ဓာကိုယ်အတွင်း မလိုအပ်တဲ့အဆီတွေ ပုံမှန်ရှိသင့်သည်ထက် ပိုပြီးစုပုံလာခြင်းဖြစ်ပြီး ပြင်းထန်တဲ့ကျန်းမာရေးပြဿနာများ ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။

အဝလွန်ခြင်းကြောင့်
🛑 နှလုံးရောဂါ (𝐇𝐞𝐚𝐫𝐭 𝐝𝐢𝐬𝐞𝐚𝐬𝐞)
🛑 သွေးတိုးရောဂါ (𝐇𝐢𝐠𝐡 𝐛𝐥𝐨𝐨𝐝 𝐩𝐫𝐞𝐬𝐬𝐮𝐫𝐞)
🛑 အမျိုးအစား (၂) ဆီးချိုရောဂါ (𝐓𝐲𝐩𝐞 𝟐 𝐝𝐢𝐚𝐛𝐞𝐭𝐞𝐬)
🛑 လေဖြတ်ခြင်း (𝐒𝐭𝐫𝐨𝐤𝐞)
🛑 အိပ်နေစဉ် ခေတ္တအသက်ရှူရပ်ခြင်း (𝐒𝐥𝐞𝐞𝐩 𝐀𝐩𝐧𝐞𝐚) စတဲ့ရောဂါတွေအပြင် များပြားသောကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။

ဒါကြောင့် နေ့စဥ်နေထိုင်မှုပုံစံကို ပြောင်းလဲလိုက်ခြင်းဖြင့် ကျန်းမာရေးရလဒ်ကောင်းများကို ရရှိနိုင်ပါတယ်။
💝အစားအသောက်များကို အချိုးအစားစနစ်တကျဖြင့် လုံလောက်ရုံသာ စားသုံးခြင်း
💝နေ့စဉ် ပုံမှန် ကိုယ်လက်လှုပ်ရှားမှု သို့မဟုတ် လေ့ကျင့်ခန်း တစ်ခုခု ပြုလုပ်ခြင်း
💝ခန္ဓာကိုယ်အတွက် လိုအပ်သော ရေပမာဏကို ပြည့်ဝစွာ သောက်သုံးခြင်း
ကောင်းမွန်စွာအိပ်စက်အနားယူခြင်း
💝စိတ်ဖိစီးမှု ကိုတတ်နိုင်သမျှလျှော့ချခြင်း စတဲ့ကျန်းမာရေးနှင့် ညီညွတ်တဲ့ နေထိုင်မှုပုံစံကို ပြောင်းလဲပြီး အဝလွန်ခြင်းကို ထိန်းချုပ်လို့ရပါတယ်။
💝ကိုယ်အလေးချိန်ကို စနစ်တကျ ထိန်းသိမ်းခြင်းသည် ရောဂါဘယကင်းဝေးပြီး သက်ရှည်ကျန်းမာသော ဘဝကို ပိုင်ဆိုင်နိုင်တဲ့ အကောင်းဆုံးသော ကြိုတင်ကာကွယ်ခြင်းပင် ဖြစ်ပါတယ်။

Recent News

💙 Healthy Staff, Better Care 🧘‍♀️✨

A Warm Welcome to Our New Victorians

ပျော်ရွှင်တဲ့ကလေးတစ်ယောက်ဖြစ်လာဖို့

“ကမ္ဘာ့သွေးတိုးရောဂါနေ့ (World Hypertension Day)”

🩺 International Nurses Day

👐Celebration of World Hand Hygiene Day 2026🧼