မေလ ၁၇ ရက်နေ့ဟာ ” ကမ္ဘာ့သွေးတိုးရောဂါနေ့ (World Hypertension Day) ” ဖြစ်ပါတယ်။ သွေးတိုးရောဂါဆိုတာ ကြိုတင်ကာကွယ်လို့ရတဲ့ ရောဂါတစ်ခုဖြစ်ပေမဲ့ သတိမထားမိဘဲ ပေါ့ဆနေမယ်ဆိုရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ အများကြီး ရှိနိုင်ပါတယ်။
အထူးသဖြင့် အခုနောက်ပိုင်း လူငယ်တွေမှာပါ သွေးတိုးရောဂါ လက္ခဏာတွေ တွေ့လာရတာကြောင့် လူတိုင်း သွေးပေါင်ချိန် မှန်မှန်တိုင်းဖို့ လိုအပ်လာပြီး ပုံမှန်သွေးပေါင်ချိန်ကိုလည်းလိုတယ်နော်…
ဒါကြောင့် ဒီနေ့လေးမှာ ပုံမှန် သွေးပေါင်ချိန် (Normal Blood Pressure) ဘယ်လောက်ရှိရမလဲဆိုတာ အတူတူ ဖြေကြည့်ကြရအောင်။ ![]()
၁၄၀ / ၉၀ mmHg
၁၂၀ / ၈၀ mmHg
၁၅၀ / ၁၀၀ mmHg
မိမိတို့ သိထားတဲ့ အဖြေမှန်လေးကို Comment မှာ မျှဝေပေးခဲ့ပါဦးနော်။
လူတိုင်း သွေးတိုးရောဂါကင်းဝေးပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။





