victoria hospital myanmar



🧒ကလေးတစ်ယောက်ပျော်ရွှင်ဖို့ အကောင်းဆုံးလက်ဆောင်ဟာ ပစ္စည်းဥစ္စာတွေမဟုတ်ဘဲ မိဘနှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာပါပဲ။ မိဘနှစ်ဦးကြားမှာရှိတဲ့ နားလည်မှုနဲ့ လေးစားမှုတွေဟာ ကလေးကို စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုအပြည့်အဝပေးနိုင်တဲ့ တစ်ခုတည်းသောအရာဖြစ်ပါတယ်။
💢 အိမ်တွင်းမှာမိဘတွေ ခဏခဏ ရန်ဖြစ်တာ၊ စကားများတာ ဒါမှမဟုတ် အချင်းချင်း လျစ်လျူရှုထားတာတွေက ကလေးအပေါ်မှာ မမြင်နိုင်တဲ့ စိတ်ဒဏ်ရာတွေ ရစေပါတယ်။ ဒါကြောင့် မိဘချင်းဆက်ဆံရေး မကောင်းမွန်ရင် ကလေးအပေါ် ဆိုးရွားတဲ့ သက်ရောက်မှုတွေ ဖြစ်စေနိုင်ပါတယ်။
💥 အမြဲတမ်းရန်ပွဲတွေကြားမှာ ကြီးပြင်းရတဲ့ကလေးဟာ လုံခြုံမှုမရှိဘူးလို့ ခံစားရပြီး အမြဲတမ်း ထိတ်လန့်စိုးရိမ်နေတတ်ပါတယ်။
💥 ဆယ်ကျော်သက်အရွယ်မှာ စိတ်တိုလွယ်တာ၊ ရန်လိုတာ ဒါမှမဟုတ် လူမှုပတ်ဝန်းကျင်ကနေ ဖယ်ကြဉ်နေထိုင်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။
💥 စိတ်မအေးချမ်းတဲ့အတွက် သင်ခန်းစာတွေအပေါ် အာရုံမစိုက်နိုင်တော့ပဲ ကျောင်းစာပိုင်းမှာ အားနည်းလာတတ်ပါတယ်။
💥 မိဘတွေရဲ့ မပြေလည်မှုကိုကြည့်ပြီး ကြီးပြင်းလာရတဲ့အတွက် နောက်ပိုင်းမှာ သူတစ်ပါးနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်ဖို့ ယုံကြည်မှုကင်းမဲ့နေတတ်ပါတယ်။
အထူးသဖြင့် ဆယ်ကျော်သက်အရွယ် ကလေးတွေဟာ ဒီလိုအခြေအနေမျိုးမှာ သူတို့ရဲ့ စိတ်ခံစားချက်ကို မှန်ကန်စွာ ထုတ်ဖော်ပြသဖို့ ခက်ခဲနေတတ်ကြပါတယ်။
တစ်ခါတလေမှာ ကလေးတွေရဲ့ စိတ်ခံစားချက်နဲ့ အပြုအမူပိုင်းဆိုင်ရာ အခက်အခဲတွေက မိဘတွေ တစ်ဦးတည်းဖြေရှင်းဖို့ ခက်ခဲနေတတ်ပါတယ်။ ဒီလိုအချိန်မှာကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်ဖို့ လိုအပ်ပါတယ်။


ဝိတိုရိယဆေးရုံရဲ့ Wellness Centre မှာရရှိနိုင်တဲ့ Mental Counselling Programs များမှာ –
✅ ဆယ်ကျော်သက်ကလေးများရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ
✅ အပြုအမူပိုင်းဆိုင်ရာ ပြောင်းလဲမှုများနှင့် အခက်အခဲများ
✅ မိသားစုတွင်း ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေရန် ဆွေးနွေးမှုများကို
ကျွမ်းကျင်တဲ့ စိတ်ပိုင်းဆိုင်ရာပညာရှင်များက ဆွေးနွေးအဖြေရှာပေးနေပါပြီ။
ကလေးတစ်ယောက်ရဲ့ ပျော်ရွှင်မှုဟာ ပစ္စည်းဥစ္စာတွေထက် အိမ်တွင်းက မေတ္တာတရားအပေါ်မှာ ပိုပြီးမူတည်နေပါတယ်။ သင့်ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာခံစားချက်များအတွက် ဒီနေ့ကစပြီး နွေးထွေးတဲ့ မိသားစုဝန်းကျင်လေးကို အတူတူဖန်တီးလိုက်ရအောင်💪


𝐅𝐨𝐫 𝐦𝐨𝐫𝐞 𝐀𝐜𝐜𝐮𝐫𝐚𝐭𝐞 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 & 𝐚𝐧𝐲 𝐢𝐧𝐪𝐮𝐢𝐫𝐢𝐞𝐬 :
📱 𝟎𝟗 𝟕𝟖𝟑 𝟔𝟔𝟔 𝟏𝟒𝟐 (𝑉𝑖𝑐𝑡𝑜𝑟𝑖𝑎’𝑠 𝑊𝑒𝑙𝑙𝑛𝑒𝑠𝑠 𝐶𝑒𝑛𝑡𝑟𝑒)
🏥 𝐍𝐨.(𝟔𝟖), 𝐓𝐚𝐰 𝐖𝐢𝐧 𝐑𝐨𝐚𝐝, 𝟗 𝐌𝐢𝐥𝐞, 𝐌𝐚𝐲𝐚𝐧𝐠𝐨𝐧𝐞 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.

Recent News

“ကမ္ဘာ့သွေးတိုးရောဂါနေ့ (World Hypertension Day)”

🩺 International Nurses Day

👐Celebration of World Hand Hygiene Day 2026🧼

🎈 Celebrating Our March & April Birthday Victorians 🎁

Celebration of Myanmar’s traditional Thingyan Festival💦✨

👩🏻‍⚕️👨🏻‍⚕️🎊Doctors’ Day Celebration at Victoria Hospital🏥