Our Beloved Patient’s Testimonial
Wednesday, October 10, 2018
“လူနာ့သမီးငယ် မြန်ပြည်ဝယ်”ဆရာဝန်ကျွန်မ နဲ့ လူနာကျွန်မတောင်အာဖရိကရေးပီးရက်မကြာမီမှာ မေမေနေမကောင်းဝိတိုရိယဆေးရုံမှာ တင်ထားရတယ်လို့အမနဲ့အကိုဆီက သတင်းရပါတယ်။ ဒါကြောင့် လူနာ့သမီးငယ်အဖြစ်နဲ့ မြန်ပြည်ကို အပြေးအလွှား လိုက်လာခဲ့ပါတယ်။ မြန်ပြည်ရဲ့ လူနာများနဲ့ဆရာဝန်လောကအကြောင်းရေးသားကြတာတွေ မကြာခဏ မြင်တွေ့ဖတ်ရှုနေရတာမို့ဘကိုယ့်အလှည့်မှာ ဘယ်လိုတွေရင်ဆိုင်တွေ့ကြည့်ရမှာပါလိမ့်လို့တလမ်းလုံး စိုးရိမ်မှုတွေနဲ့တွေးတောလာမိပါတယ်။ လေဆိပ်က မေမေရှိရာဝိတိုရိယဆေးရုံ ICU အခန်းကိုတန်းပီးလာလိုက်ပါတယ်။ အခန်းဝက ချောင်းအကြည့်မှာ အိပ်ရာပေါ်ထက်က ပိုက်တွေတန်းလန်းနဲ့မမှတ်မိနိုင်လောက်အောင်ဖြစ်သွားတဲ့မေမေ့ရုပ်သွင်ကိုမြင်ရလို့မျက်ရေတွေကျမိပါတယ်။ သွေးတိုးနဲ့ နှလုံးခုံမမှန်တဲ့ရောဂါတွေကြောင့်လေဖြတ်ပြီးမေမေ ICU ထဲရောက်ခဲ့ရတာပါ။ICU မှာအနီးကပ်ပြု စုပေးတဲ့အခါအခန်းတွင်းမှာရှိတဲ့ဆရာဝန်များနဲ့သူနာပြုများရဲ့လှုပ်ရှားလုပ်ကိုင်နေကြပုံ တွေကိုအသေအချာမြင်တွေ့ရပါတယ်။ သူတို့အားလုံးဟာများပြားလှတဲ့အလုပ်တွေကို တက်ကြွစွာနဲ့တလစပ်လုပ်ကြပါတယ်။ လိုအပ်သမျှတွေကို အပြုံးမပျက်လုပ်ပေးကြပါတယ်။ မနက်ပိုင်းမှာ ဆရာဝန်ကြီး ပါမောက္ခ ဦးစောအောင်နေ့စဉ်လာကြည့်ပေးပါတယ်။ဆရာကြီးက လူနာကိုသေအချာ စမ်းသပ်ပြီး လက်ရှိတွေ့ရှိချက်ပြသာနာတွေကို သုံးသပ်ပြပါတယ်အတူလာကြည့်တဲ့ ဆရာဝန်ငယ်တွေကို စာမေးမြန်းရင်း သင်ကြားပေးတာတွေ့ရတာအားရ ကြေနပ်စရာကောင်းလှပါတယ်။ လူနာရှင်ကိုလဲအခြေအနေ ရှင်းလင်းပြောပြပီး လိုအပ်တာ သိချင်တာမေးနိုင်ကြောင်းပြောတဲ့အတွက် စိတ်အားတွေတက်လာပီးစိုးရိမ်မှု တွေလျော့ပါးသွားရပါတယ်။ICU မှာ ၄ရက်နေပြီးအခြေအနေတိုးတက်ကောင်းမွန်လာတာမို့ Wardထဲကို ပြောင်းပေးပါတယ်။ Mild stroke မို့လို့ခြေလက်များလှုပ်ရှားလာနိုင်တာဝမ်းသာစွာမြင်ရပါတယ်။ Wardထဲမှာလဲ ICUနည်းတူဆရာဝန်များဆရာမများနဲ့ဆေးဝန်ထမ်းတွေအားလုံးကိုယ့်တာဝန်ကိုယ်သွက်သွက်လက်လက်လုပ်ဆောင်ကြတာ တွေ့မြင်ရပါတယ်။လူနာနှင့်လူနာရှင်ကို အလေးထားပြောဆိုဆက်ဆံမှုတွေကြောင့်ကြည်နူးခဲ့ရပါတယ်။ ဆရာကြီးရဲ့ ဂရုတစိုက်နဲ့ဆက်လက်ညွှန်ကြားကုသပေးမှုတွေကြောင့် မေမေ့အခြေအနေတနေ့ထက်တနေ့ပိုမိုတိုးတက်လာခဲ့ပါတယ်။မေမေရဲ့ကံတရားနဲ့မောင်နှမတွေပြုစုပေးမှုတွေကြောင့် စိုးရိမ်ရတဲ့အခြေအနေကိုကျော်လွှားနိုင်ခဲ့ပါတယ်။ ၈ ရက် မြောက်နေ့မှာတော့စိတ်ချရတဲ့အခြေအနေရောက်လာပြီမို့ ဆေးရုံဆင်းခွင့်ရခဲ့ပါတယ်။ ပြုစုစောင့်ရှောက်ပေးကြသူအားလုံးကိုအထူးကျေးဇူး တင်မိပါတယ်။အိမ်မှာရေရှည်ဆက်ပြီးပြုစုစောင့်ရှောက်မှုတွေကတော့ဆက်လက်လုပ်နေရမှာပါ။ လူနာကျွန်မအကြောင်းရေးတုံးက” မြန်ပြည်ကြီးမှာလဲဆရာဝန်နဲ့လူနာများ ၂ဦး၂ဖက်ကောင်းမွန်တဲ့ဆက်ဆံရေးတွေနဲ့ တဦးနဲ့တဦးနားလည်မှုယုံကြည်မှု တွေရရှိနိုင်ကြပါစေလို့”ကျွန်မဆုတောင်းမေတ္တာပို့ခဲ့ပါတယ်။အဲဒီမေတ္တာတွေကို ကျွန်မအခုကိုယ်တိုင်ခံစားရရှိလိုက်ပါပြီ ။”
Credit – Daw Nwe Nwe Aung
Our Beloved Patient’s Review
ဝိတိုရိယဆေးရုံမှာ 4D Ultrasound ရိုက်ခဲ့တဲ့ မေမေတစ်ယောက်ရဲ့ review လေးကို ဖော်ပြပေးလိုက်
Our Beloved Patient’s Review
ဝိတိုရိယဆေးရုံမှာ ကလေးမွေးဖွားခဲ့တဲ့ မေမေတစ်ယောက်ရဲ့ review လေးကို ဖော်ပြပေးလိုက်