Tuesday, February 11, 2020

တိုးတက်လာတဲ့နည်းပညာများ၏ရလဒ်
မြန်မာနိုင်ငံတွင် လည်ပင်းကြီးရောဂါကို လည်ပင်း၌ အမာရွတ်လုံးဝမရှိအောင် ခွဲစိတ်ကုသနိုင်ပါပြီ။ (Scarless Thyroidectomy)

လည်ပင်းကြီးရောဂါခံစားနေရသူကို အမာရွတ်လုံးဝမရှိသော ခွဲစိတ်ကုသနည်းဖြင့် ပါမောက္ခဦးစိုးတင်က ဝိတိုရိယဆေးရုံ၌ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ခွဲစိတ်ကုသပေးနိုင်ခဲ့သောကြောင့် အဆိုပါ ခွဲစိတ်ကုသပေးနိုင်ခဲ့မှုနဲ့ပတ်သတ်ပြီး ပါမောက္ခဦးစိုးတင်က ယခုလို ပြောကြားခဲ့ပါသည်။

“ဒီလူနာက လည်ပင်းကြီးရောဂါတွေထဲမှာမှ ခွဲစိတ်ကုသမှရမယ့်ရောဂါမျိုးကို ဖြစ်နေတဲ့သူပါ။ အဲဒါကြောင့် သူ့ကို နောက်ဆုံးပေါ်စက်ကိရိယာတွေနဲ့ အမာရွတ်မရှိအာင် ခွဲစိတ်ကုသလို့ရတယ်၊ ကြောက်စရာမလိုဘူးလို့ နှစ်သိမ့်အားပေးပြီး ခွဲစိတ်ကုသပေးခဲ့တယ်။ ဒါဟာ မြန်မာနိုင်ငံမှာ ပထမဦးဆုံး ခွဲစိတ်ပေးနိုင်ခြင်းပဲ။ ခွဲစိတ်ကုသနည်းမှာ နောက်ဆုံးပေါ် Transoral Endoscopic Thyroidectomy လို့ခေါ်တဲ့ ပါးစပ်ထဲမှာ မှန်ပြောင်းဖြင့်ကြည့်ပြီး တီဗွီမျက်နှာပြင်မှာ ကြည့်ရှုပြီး လည်ပင်းအလုံးကို အသေးစိတ်ခွဲစိတ်ရတဲ့အတွက် ခက်ခဲစွာ ခွဲစိတ်ခဲ့ရတယ်။ တစ်ကမ္ဘာလုံးမှာ (၂၄)နိုင်ငံပဲ ဒီလို ခွဲစိတ်မှုလုပ်ပေးနိုင်သေးတာ။ အခုဆိုရင် မြန်မာနိုင်ငံက လည်ပင်းကြီးရောဂါကို အမာရွတ်မရှိအောင် ခွဲစိတ်ပေးနိုင်တဲ့ (၂၅)နိုင်ငံမြောက် ဖြစ်သွားတဲ့အတွက် အရမ်းလည်း ဝမ်းသာဂုဏ်ယူပါတယ်။ ခွဲစိတ်ဖို့လိုအပ်တဲ့ တန်ဖိုးကြီးစက်ကိရိယာတွေကို ဝယ်ယူအသုံးပြုပေးတဲ့ ဝိတိုရိယဆေးရုံကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီခွဲစိတ်ကုသမှုက ဆရာ့ရဲ့အောင်မြင်မှုတစ်ခုလည်းဖြစ်သလို မြန်မာနိုင်ငံရဲ့ ဂုဏ်ယူစရာကောင်းတဲ့အောင်မြင်မှုတစ်ခုဆိုလည်း မမှားပါဘူး။”

လည်ပင်းကြီးရောဂါကို အမာရွတ်လုံးဝမရှိအောင် ကုသမှုခံယူခဲ့သောအဆိုပါလူနာက ဝမ်းသာစွာဖြင့် ယခုလို ပြောကြားခဲ့ပါသည်။

“၂၀၁၄ ခုနှစ်ကတည်းက လည်ပင်းမှာအကြိတ်ဖြစ်ပြီး လည်ပင်းကြီးရောဂါကို ခံစားခဲ့ရတယ်။ ဆရာဝန်ကြီး ဦးစိုးတင်နဲ့ပြသကြည့်တော့ ခွဲစိတ်ပြီးကုသမှရမယ်လို့ ဆရာဝန်ကြီးကပြောတယ်။ အဲ့အချိန်တုန်းက ခွဲစိတ်ကုသရင် အမာရွတ်ပေါ်မှာစိုးလို့ မခွဲစိတ်ဖြစ်ခဲ့ဘူး။ အခုတခေါက် ဆရာကြီးနဲ့တွေ့တော့ နောက်ဆုံးပေါ်စက်ကိရိယာတွေနဲ့ အမာရွတ်လုံးဝမကျန်အောင် ခွဲစိတ်ပေးမယ်၊ လုံးဝကြောက်စရာမလိုဘူးလို့ ဆရာဝန်ကြီးက ပြောတယ်။ ခွဲစိတ်မှုခံယူပြီးတော့ (၁)ရက်၊(၂)ရက်လောက်ပဲ ခွဲထားတဲ့နေရာက နာတယ်။ အဲဒီနောက်ပိုင်း လုံးဝမနာတော့ဘူး။ အခုလို မနာမကျင်အောင်၊ အမာရွတ်တွေမရှိအောင် အောင်အောင်မြင်မြင် ခွဲစိတ်ပေးခဲ့တဲ့အတွက် ဆရာဝန်ကြီးရဲ့အရည်အချင်းကို အံသြပြီးအရမ်းချီးမွမ်းကျေးဇူးတင်ပါတယ်။ ဝိတိုရိယဆေးရုံကလည်း ဝန်ဆောင်မှု အရမ်းကောင်းပါတယ်။”

Victoria hospital receive EDGE Assess Level Trophy

Victoria hospital receive EDGE Assess Level Trophy

🏆 Victoria Hospital has achieved EDGE Assess Level Certification.

Learn more

Vaxigrip Tetravalent 2022 Flu Vaccination

Vaxigrip Tetravalent 2022 Flu Vaccination

Vaxigrip Tetravalent 2022 Flu Vaccination Available 📣📣

Learn more